
အခုလိုပညာရပ်တွေကို ပညာဒါနအဖြစ် အခမဲ့ ပေးရခြင်းအကြောင်း အရင်းကို ရှင်းပြပါရစေ
၂၀၂၀ လောက်အထိ ဒီဇိုင်နာ အနေဖြင့်လုပ်ကိုင်ခဲ့ပြီး သင်ခန်းစာ video အခွေများ စာအုပ်များအား ဖြန့်ဖြူးရောင်းချခဲ့ပါသည်
၂၀၂၀ ကိုဗစ် ကာလအတွင်း နာတာရှည်သွေးရောဂါ စတင်ဖြစ်ခဲ့ပါသည်။
ထိုနာတာရှည်ရောဂါကြောင့် steroid ဆေးများအား ဆရာဝန်၏ ညွန်ကြားချက်ဖြင့် နေစဉ်သောက်နေရပြီး တသက်လုံးသောက်သွားရမည်ဖြစ်ပါသည်
ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် အရိုးပွခြင်း၊ မျက်စိတိမ်ဖုံးခြင်းနှင့် အခြားသော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် designer လုပ်ငန်းအားဆက်လက် လုပ်ကိုင်ရန် အဆင်မပြေတော့သဖြင့် အနားယူခဲ့ပါသည်။
နောက်ထပ် video အသစ်တွေလဲ ထပ်မလုပ်နိုင်တော့ပါ။
ထို့ကြောင့် အရင်က လုပ်ခဲ့သော video နဲ့ စာအုပ်များကို စနစ်တကျ အဆင်ပြေပြေ ကြည့်နိုင်စေရန် ဖုန်း app အနေဖြင့် ပညာဒါန အခမဲ့ကြည့်နိုင်စေရန် ဖန်တီးလိုက်ရခြင်းဖြစ်ပါသည်။
စက်နင်းတက်ရုံဖြင့် အခြေခံမှအဆင့်မြင့်အထိ သင်ခန်းစာအလိုက် ဒီဇိုင်းအမျိုးမျိုးအားချုပ်တတ်စေရန် သင်ကြားပေးထားတာဖြစ်တာကြောင့် မည်သူမဆို ဖုန်းဖြင့် ဆရာလွတ်လေ့လာနိုင်ပါသည်
အားလုံးကျေနပ် ပျော်ရွှင်မယ်လို့ မျှော်လင့်ပါသည်။
အသုံးပြုသူ ဘက်မှ internet လိုင်းများကျနေပါက Server 1 မှာ အနည်းငယ် နှေးနိုင်ပါသဖြင့် Server 2 တွင်ပြောင်းလဲကြည့်ရူ့နိုင်ပါသည်။ Server 1 နှင့် Server 2 မှ video များအားလုံးသည် အတူတူပင်ဖြစ်ပါသည်။
© 2025 Luu Luu Nuu Nuu